Tropical Landscaping International (TLI) သည် အာရှဒေသတွင် ဥယျာဉ် ခြံမြေ မြေမျက်နှာပြင် ပြုလုပ်အလှဆင်လုပ်ငန်းများကို အဓိကတာဝန်ယူလုပ်ဆောင််ပေးနေသော ကုမ္ပဏီဖြစ်ပြီး ကာစီနို ကစားဝိုင်းကြီးများ၊ အနားယူအပန်းဖြေစခန်းများ၊ ဟိုတယ်များ၊ ဗီလာအိမ်ခြံမြေများ၊ ဂေါက်ကွင်းများနှင့် ကြီးမားကျယ်ပြန့်သော ကူးသန်းရောင်းဝယ်ရေးဌာနများ အပါအဝင် စီမံကိန်းကြီးများ၏ မြေပြုပြင် အလှဆင်မှုလုပ်ငန်းကို ဝန်ဆောင်မှုများ ပေးနေသော ကုမ္ပဏီကြီးဖြစ်သည်။ ကျွန်ုပ်တို့၏ ကျယ်ပြန့်သော အတွေ့အကြုံနှင့် ကြွယ်ဝသောအရင်းအမြစ်များကြောင့် အာရှဒေသ၏ ထိပ်တန်းဗိသုကာပညာရှင်များ၊ အိမ် ခြံမြေလုပ်ငန်းရှင်များ၊ စီမံကိန်းမန်နေဂျာများနှင့် စီမံကိန်းဒါရိုက်တာများ၏ စိတ်ကူးစိတ်သန်းကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်ပေးလျှက် ရှိပါသည်။ TLI သည် ၂၀၀၄ ခုနှစ်မှစတင်၍ ယနေ့ထိတိုင် မြန်မာနိုင်ငံတွင် လုပ်ငန်းများစွာ မပြတ်ပါဝင်လုပ်ကိုင်ခဲ့ရာ ယခုအချိန်တွင် မြန်မာနိုင်ငံအခြေစိုက် ( TLI Myanmar ) အမည်ဖြင့် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုအဖြစ် ထူထောင်ရပ်တည်နိုင်ခဲ့ပြီး ဖြစ်သည်။ 
ရန်ကုန်အခြေစိုက် TLI ရုံးတွင် ဥယျာဉ် ပန်းခြံ စိုက်ပျိုးပညာရှင်များ၊ ဒီဇိုင်းပညာရှင်များ၊ စက်မှု ပညာရှင်နှင့် အင်ဂျင်နီယာများ၊ ကြီးကြပ်ရေးမှူးများနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များအပါအဝင် ပြည်တွင်း ပြည်ပမှ Landscape နှင့် ဂေါက်ကွင်းပညာရှင်များပါဝင်သောအဖွဲ့က မြန်မာနိုင်ငံဂေါက်ကွင်းများ၊ ဟိုတယ် များနှင့် အပန်းဖြေစခန်းများ၊ မြေမျက်နှာပြင်ပြုပြင်အလှဆင်လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်။ TLI က မြန်မာနိုင်ငံတွင် လုပ်ဆောင်ပေးခဲ့သော အဓိကစီမံကိန်းကြီးများတွင် အောက်ပါစီမံကိန်းများပါဝင်ပါသည်။ 
ပန်းလှိုင်ဂေါက်ကွင်းစီမံကိန်း
TLI Myanmar သည် ရန်ကုန်မြို့ရှိ Gary Player ဒီဇိုင်းရေးဆွဲသောဂေါက်ကွင်းကို ၂၀၀၄ မှ ၂၀၁၂ အထိ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်ခဲ့သည်။ ထိုကာလအတွင်း ပန်းလှိုင်ဂေါက်ကွင်းကို အာရှ၏ အကောင်းဆုံးဂေါက်ကွင်းများတွင် တစ်ခုအပါအဝင်ဖြစ်လာပြီး မြန်မာနိုင်ငံတွင် နံပါတ်တစ်အဆင့် ဂေါက် ကွင်းဖြစ်လာစေရန် ဖန်တီးပေးခဲ့ရာ Asian Tour နှင့် Asian Development Tour Events များလို ပွဲကြီးများ ကိုပင် လက်ခံကျင်းပပေးခဲ့သည်။ TLI မြန်မာအနေနှင့် ဂေါက်ကွင်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးအကြံပေး၊ ဘတ်ဂျက်စီစစ်ရေး၊ ဝန်ထမ်းနှင့် စီမံခန့်ခွဲမှု လေ့ကျင့်သင်တန်းပေးခြင်း၊ ပြုပြင်ထိန်း သိမ်းရေးအစီအစဉ်၊ စီမံခန့်ခွဲ့မှုနှင့် အတိုင်ပင်ခံလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့သည်။ TLI သည် အသေးစိတ်နှင့် လစဉ်သုံးသပ်မှု အစီရင်ခံစာနှင့် " Course Rating System " တို့ကို လုပ်ဆောင်ပေးပါသည်။
သိပ္ပံအိမ်ယာ
မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးတွင် စျေးမြင့်မားသော အဖိုးတန်မြေနေရာပေါ်၌ ပုဂ္ဂလိကနှင့် ဧည့်နားနေ စခန်းရိပ်သာတွင် Landscaping ကို တာဝန်ယူ လုပ်ဆောင်ပေးခဲ့သည်။ ထိုင်းနိုင်ငံရှိ TLI ရုံးတွင် ပုံဖော်လုပ်ဆောင်ခဲ့သော ဤဒီဇိုင်းတွင် ရေကန်လေးများ၊ ရေတံခွန်ငယ်လေးများ ရေပန်း စသည့် ရေနှင့် ပတ်သက်သည့် သရုပ်ဖော်ကဏ္ဍများစွာ ထည့်သွင်းထားပြီး ရှားပါးသစ်ပင် မျိုးများ၊ ဆွဲဆောင်မှုအပြည့်ရှိသော ကျောက်တုံးဒီဇိုင်းများဖြင့် အန္တရယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကို ဦးစားပေးသော စီမံကိန်းများကို ပုံဖော် ဆောက်လုပ် ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အထူးခြားဆုံး Landscaping တစ်ခုအဖြစ် ထင်ကျန်ရစ်စေ လိုသော လုပ်ငန်းရှင်၏ ဆန္ဒအတိုင်း ကြိုးပမ်းလုပ်ကိုင်ပေးခဲ့သဖြင့် မြန်မာနိုင်ငံတွင် အနာဂတ် Landscaping လုပ်ငန်းများ အတွက် စံပြုစရာတစ်ခု ဖြစ်လာခဲ့ပါသည်။
Royal Mingaladon Golf And Country Club ( တော်ဝင်မင်္ဂလာဒုံဂေါက်ကွင်းနှင့် ကျေးလက်ကလပ် )
Royal Mingaladon Golf And Country Club သည် ၄င်း၏ဧရိယာအတွင်း ရေစီးဆင်းမှု၊ ဆည်မြောင်းစနစ် အဆင့်မြှင့်ရေးနှင့် (tees, greens နှင့် fairways) ပြန်လည်တည်ဆောက်ခြင်းအပါအဝင် ဆောက်လုပ်ရေးပြဿနာအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် TLI(မြန်မာ)ကို တာဝန်ပေး အပ်နှံခဲ့ ပါသည်။ TLI ၏ ကိုယ်ပိုင် Course Rating System နှင့် အတိုင်ပင်ခံ အစီရင်ခံစာကိုလည်း လစဉ် ပေးပို့ခဲ့သည်။
TLI (မြန်မာ) က အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါသည်။
1.Landscape Pre-construction Services
2.Landscape Design
3.Nursery & Site Setup
4.Landscape Construction
5.Irrigation & Drainage
6.Landscape Lighting

PROJECT LOCATIONS
 
						 
	Hong Kong
 
	Manila, Philippines
 
	Lang Co, Vietnam
 
	Danang, Vietnam
 
	Vientiane, Laos
 
	Yangon, Myanmar
 
	Mandalay, Myanmar
 
	Phang Nga, Thailand
 
	Phuket, Thailand
 
	 
				 
			